။ သီတင်းကျွတ်လရောက်ပေမယ့် မကျွတ်တတ်တာတွေက အများကြီးပါပဲ ။

၁) အာဇီဝ ပြဿနာ= အသက်မွေးဝမ်းကျောင်းဆိုင်ရာနဲ့ပတ်သက်တဲ့ပြဿနာ။ ၂) အသိလောက ပြဿနာ= ကဲ့ရဲ့ပြစ်တင်ခံကြရတဲ့ပြဿနာ။ ၃) ပရိသသာရဇ္ဇပြဿနာ= ပရိသတ်တွေကြားမှာ လူရာဝင်အောင်နေထိုင်တတ်ရတဲ့ပြဿနာ။ ၄) မရဏ ပြဿနာ=ငြိမ်သက်စွာဘဝရဲ့အဆုံးကိုရင်ဆိုင်နိုင်ဖို့ပြဿနာ။ ၅) ဒုဂ္ဂတိပြဿနာ= မိမိဘဝကိုအဆုံးသတ်ပြီးလို့ နောက်ထပ်ဖြစ်လာနိုင်မယ့်ဘဝနဲ့ဆိုင်တဲ့ပြဿနာ။ ။ ဒီပြဿနာငါးပါး (၅ မျိုး) ကို — ၁) ပညာစွမ်းအား (ပညာဗလ)။ ၂) ကြိုးစားမှု စွမ်းအား (ဝီရိယဗလ)။ ၃) ဖြူစင်ရိုးသားမှု စွမ်းအား (အနဝဇ္ဇဗလ )။ ၄) စည်းရုံးရေး စွမ်းအား (သင်္ဂါဟကဗလ)။ လေးပါးနဲ့ ချင့်ချိန်တတ်ပြီး နေထိုင်တတ်ရပါတယ် မဟုတ်လား။ ။ အဲဒီလိုမှ မသိထားမိရင် သီတင်းကျွတ်ပေါင်းများနေပြီလို့ပဲမဟုတ်လား။ ကျွတ်တမ်းဝင်ထိုက်ပါလျက်နဲ့ အကျွတ်တရားမရကြတဲ့အရှင်တို့တွေဟာ ဘာနဲ့မှကျွတ်ကြ (မလဲ) မည်လည်းပါပဲ။ တောင်ကလေးဆရာတော် … Continue reading ။ သီတင်းကျွတ်လရောက်ပေမယ့် မကျွတ်တတ်တာတွေက အများကြီးပါပဲ ။